Malware
, Adware , Spyware စ,တဲ့ Virus တွေ ... နောက် USB Pan Drive တွေက
ဝင်လာတတ်တဲ့ Recycler folder Virus , New Folder.exe Virus စ,တဲ့ Virus
တွေ... မိမိတို့ ကွန်ပျူတာထဲဝင်လာပြီဆိုရင် တော်ရုံ ရှင်းမရတတ်ပါဘူး..
တချို့ ဈေးကြီးပေးဝယ်ရတဲ့ Antivirus programs တွေကတောင်
ရှင်းမနိုင်တာတွေ့ဖူးပါတယ်.. အဲ့ဒီလိုမျိုး Virus တွေ ဝင်လာပြီဆိုရင်
ဘယ်လိုဖြေရှင်းမလဲ..?
Antivirus Software တွေ သုံးစရာမလိုပဲ Command Prompt (CMD) ကနေ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်..။
ဖြေရှင်းနည်းကတော့....
Removing a Virus without using any anti-virus software !
နံပါတ် (၁)
Window 7 User : Start က search programs and files မှာ...
Window 8 User : Search မှာ...
cmd ရေးပြီး Command prompt ကို Run လိုက်ပါ..။
နံပါတ် (၂)
ဘယ် Drive မှာ Virus ရှိနေသလဲဆိုတာ သိထားရပါမယ်..။
ဥပမာ:
C:
J:
F:
D:
E:
F: မှာဆိုရင် Command prompt မှာ F: လို့ရေးပြီး Enter ခေါက်လိုက်ပါ..။
နံပါတ် (၃)
ပြီးရင် attrib -s -h *.* /s /d လို့ရေးပြီး Enter ခေါက်ပါ..။
နံပါတ် (၄)
Drive ကို သိသွားပြီဆိုရင်...
dir /w/a ရေးပြီး Enter ထပ်ခေါက်ပါ..။
နံပါတ် (၅)
အဲဒီ
မှာ ရှာကြည့်လိုက်ပါ.. အဲ့ဒီ F: ထဲမှာ ရှိနေတဲ့ ဖိုင်လ်တွေ Data တွေ
အားလုံးတွေ့ရမှာပါ.. အဲ့ဒီအထဲမှာ အောက်ပါ Virus အမျိုးစားတွေ
ရှိနေပါလိမ့်မယ်..။
newfolder.exe
unusual .exe
autorun.inf
recycler folder.exe
နံပါတ် (၆)
Virus တွေ့ရင် ဒီ Comment နှင့် သတ်ပစ်ပါ..
attrib -r -a -s -h ရေးပြီး Enter ခေါက်ပေးလိုက်ပါ..။
နောက်ထပ်...
del autorun.inf ရေးပြီး Enter ခေါက်ပြီး သတ်ပစ်ပါ..။
အဲ့ဒီအတိုင်း တွေ့သမျှ မသင်္ကာသမျှ Virus လို့ ထင်ရတဲ့ File တွေကို အပေါ်ကအတိုင်း..
ရှေ့က del ခံပြီး (ဗိုင်းရပ်နာမည်) ရေးထည့် Enter ခေါက်ပြီး သတ်ပစ်ပါ..။ ဥပမာ: del newfolder.exe + Enter ..
တခြား Drive တွေက Virus တွေကိုလည်း အပေါ်က နည်းလမ်းအတိုင်း ဖြေရှင်းပေးပါတယ်..။
ချွင်းချက်အနေနဲ့ကတော့..
တခါတရံ Recycler folder ဆိုတဲ့ Virus ဆိုတာမျိုးက သတ်ပြီးလည်း ပြန်ရောက်နေတတ်ပါတယ်..
အဲ့ဒီအတွက် Command prompt မှာ...
cd recycler ရေး Enter ခေါက်ပါ...။
နောက်ထပ် dir /w/a ရေးပြီး Enter ခေါက်ပါ..။
အဲ့မှာ ကြည့်ကြည့်ပါ မသင်္ကာစရာ Virus တွေ ရှိနေရင် ..
attrib -r -a -s -h ရေးပြီး အပေါ်က နည်းလမ်းအတိုင်း Enter ခေါက်ပြီး သတ်ပစ်နိုင်ပါတယ်..။
နောက်ထပ် တွေ့သမျှ Virus တွေကို del (ဗိုင်းရပ်နာမည်).exe အစရှိသဖြင့် Comment ရိုက်ပြီး အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်..။
အားလုံးပြီးရင် စက်ကို Restart ချပေးလိုက်ပါ..။