Monday, November 3, 2014

AutoCad သင်ယူစရာ

Poly Line Command ဟာ Line Command နဲ့ခပ်ဆင်ဆင်တူပေမယ့် ကွဲပြားတာတွေ ရှိပါတယ်။ Line Command ကို အသုံးပြုတဲ့ အခါမှာ မျဉ်းကြောင်းတစ်ခု ဆွဲပြီး နောက်တစ်ခုဆွဲတဲ့ မျဉ်းကြောင်းဟာ ပထမမျဉ်းကြောင်းနဲ့ တစ်ဆက်တည်း ဖြစ်မနေပါဘူး။ Polyline Command နဲ့ ဆွဲထားတဲ့ မျဉ်းကြောင်းတွေ အရာဝထ္တုတွေကတော့ Object တစ်ခုတည်း အနေဖြင့် တစ်ဆက်ထဲ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို Single Object တစ်ခုအဖြစ် လွယ်ကူစွာ ကိုင်တွယ်နိုင်ပါတယ်။ 3D Drawing ကိုဆွဲသားရာမှာလည်း အလွယ်တကူ Extrude လုပ်နိုင်ပါတယ်။Menu Bar >> Draw >> PolylineToolbarBar >> Polyline Command Button ကို ရွေးချယ်ပါ။
Command >> polyline (သို့မဟုတ်) plSpecify start point: စတင်လိုသောနေရာSpecify next point or [ Arc/Halfwidth/Length/Undo/Width]: ဆက်ဆွဲရန် ရောက်ရှိလိုသော နေရာ။ Enter မခေါက်ပဲ ဆက်ကာဆက်ကာ အလိုရှိသလောက် ဆက်ဆွဲနိုင်သည်။ ထိုမျဉ်းများအားလုံးသည် တစ်ဆက်တည်း ဖြစ်နေပါလိမ့်မည်။


ဒီပုံကိုကြည့်၍ မျဉ်းကြောင်းများ ဆွဲသားခြင်းကို လေ့ကျင့်နိုင်ပါတယ်။
ပုံဆွဲသားရင်း အရာဝထ္တုများကို မိတ္တူကူးခြင်းများကို ပြုလုပ်လေ့ ရှိကြပါတယ်။ပုံစံတူ အရွယ်အစားတူ အရာဝထ္တုတစ်ခုကို မိတ္တူကူးကြည့် ရအောင်နော်။Menu Bar >> Modify >> CopyTool Bar >> Modify Toolbar က Copy Button လေးကို ရွေးချယ်ပါ။Command >> Copy ( သို့မဟုတ် ) co Select Object: မိတ္တူကူးလိုသော အရာဝထ္တုကို ရွေးချယ်ပါSpecify base point of [ Displacement ]: မိတ္တူကူးမည့် အရာဝထ္တုကို ကိုင်တွယ်မည့်နေရာSpecify second point of displacement <>: ကူးယူလိုသော အရာဝထ္တု ထားလိုသောနေရာ။ AutoCAD 2007 Version မှာတော့ Enter မရိုက်မချင်း မိတ္တူကို ထပ်ကာ ထပ်ကာ ကူးနေမှာ ဖြစ်ပါတယ်။ AutoCAD 2000 Version မှာတော့ တစ်ခုထက်ပိုတဲ့ အရာဝထ္တုတွေကို ကူးလိုတယ် ဆိုရင်တော့ Base Point ကို မရွေးချယ်ခင်မှာ multiple ဆိုတာကို ရွေးချယ်ရပါမယ်။အရာဝထ္တုတစ်ခုကို မိမိလိုအပ်သော အကွာအဝေး တစ်ခုတွင် အရွယ်အစားသာ တူညီ၍ ပုံသဏ္ဍန် မတူညီသော အရာဝထ္တု တစ်ခုကို ကူးယူလိုပါက Offset ကိုအသုံးပြုပါသည်။Menu Bar >> Modify >> OffsetToolbar >> Modify Toolbar က Offset Button ကို ရွေးချယ်ပါ။Command >> offset ( သို့မဟုတ် ) OSpecify offset distance or [Through/Erase/Layer]: ကူးယူလိုသော အကွာအဝေး[ Through ကိုရွေးချယ်ပါက အကွာအဝေးတန်ဖိုး ပေးစရာမလိုပဲ Mouse Click သောနေရာတွင် ကူးယူမည်ဖြစ်သည်။ အရာဝထ္တုကို ကူးယူပြီးပါက မူလအရာဝထ္တုကို ဖျက်ပြစ်လိုပါက Erase ကိုရွေးချယ်ရပါမည်။ ]Select object to offset or [ Exit/Undo ]: ကူးယူလိုသော အရာဝထ္တုSpecify point on side to offset : ကူးယူလိုသော နေရာပုံတစ်ပုံကို ဆွဲသားတဲ့အခါ ဆွဲနေရင် မလိုအပ်သော အရာသထ္တုများကို ဖျက်ပြစ်ခြင်း၊ မလိုအပ်သော အစိတ်အပိုင်းများကို ဖဲ့ထုတ်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။ မလိုအပ်တဲ့ အရာဝထ္တုတစ်ခုလုံးကို ဖျက်ပြစ်ချင်ရင်တော့ အဲဒီ့အရာကို ရွေးချယ်ပြီး Keyboard က Delect ကို အသုံးပြု၍ဖြစ်စေ၊ Menu Bar မှ Modify မှ Erase ကိုရွေးချယ်၍ဖြစ်စေ၊ Modify Toolbar မှ Erase Button ကိုရွေးချယ်၍ဖြစ်စေ၊ မိမိအဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ အရာဝထ္တုတစ်ခုလုံး မဟုတ်ပဲ၊ တစ်စိတ်တစ်ပိုင်းကိုသာ ဖဲ့ထုတ်ချင်တယ် ဆိုရင်တော့ Trim ဆိုတဲ့ Command ကို အသုံးပြုပါတယ်။Menu Bar >> Modify >> TrimToolbar >> Modify Toolbar က Trim Button ကိုရွေးချယ်ပါCommand >> trim ( သို့မဟုတ် ) trSelect Object : ဖျက်မည့် ဓါးအဖြစ် သုံးမည့် အရာသထ္တုSelect Object : ဖဲ့ထုတ်ခံမည့် အရာဝထ္တု
မျဉ်းကြောင်းတစ်ကြောင်းကို မူလအလျားထက် ပိုရှည်အောင် ဆွဲဆန့်မယ်ဆိုရင် Extend ဆိုတဲ့ Command ကို အသုံးပြုရအောင်နော်။Menu >> Modify >> ExtendToolbar >> Extend ဆိုတဲ့ Button လေးကို ရွေးချယ်ရအောင်နော်။Command>> ext (သို့မဟုတ်)extendSelect object :မျဉ်းကြောင်းရောက်လိုသော နေရာSelect object to extend or shift-select to trim or [Fence/Crossing/Project/Edge/Undo]: ဆွဲဆန့်လိုသော မျဉ်းကြောင်း
ထောင့်မှန်စတုဂံ ဆွဲတုန်းက Chamfer နဲ့ Fillet ကို အနည်းငယ် လေ့လာပြီးပါပြီ။ အဲဒီတုန်းက ထောင့်မှန်စတုဂံရဲ့ ထောင့်တွေအားလုံးကို ပြုပြင်ဖန်တီးတာပါ။ အခု ထောင့်မှန်စတုဂံရဲ့ ထောင့်တစ်ခုချင်းကို ဖြစ်စေ အခြားအရာဝထ္တုများကို အနားလုံးခြင်း ထောင့်ချိုးခြင်းများကို လေ့လာကြရအောင်။Menu Bar >> Modify >> FilletToolbar >> Modify Toolbar က Fillet Button လေးကို ရွေးချယ်ပါ။Command : F (သို့မဟုတ်) filletSelect first object or [ undo/Polyline/Radius/Trim/Multiple ] : အနားလုံးမယ့် ပထမ အရာဝထ္တုကို ရွေးချယ်ခိုင်းတာပါ။ ဒါပေမယ့် ပုံဆွဲသူက အနားလုံးမဲ့ Radius ကို အရင်ဆုံး ရွေးချယ်ရပါမယ်။ ဒါကြောင့် Radius ( R ) ကို အရင်ဆုံး ရွေးချယ်ရပါမယ်Specify fillet redius <> : မိမိအနားလုံးလိုသော Radius ကိုပေးပါSelect first object or [ undo/Polyline/Radius/Trim/Multiple ]; အနားလုံးမယ့် ပထမ အရာဝထ္တုကို ရွေးချယ်ပါ။Select second object of shift-select to apply corner: အနားလုံးမယ့် ဒုတိယ အရာဝထ္တုကို ရွေးချယ်ပါ။
ထောင့်ချိုးခြင်းကို
Command Line : chamfer ( သို့မဟုတ် ) chaSelect first line or [Undo/Polyline/Distance/Angle/Trim/mEthod/Multiple]:ထောင့်ချိုးခြင်း ပြုလုပ်ရန် Distance ကိုရွေးချယ်ပါကSpecify first chamfer distance <>: ထောင့်ချိုးမည့် ပထမ အတိုင်းအတာSpecify second chamfer distance <>: ထောင့်ချိုးမည့် ဒုတိယအတိုင်းအတာSelect first line : ထောင့်ချိုးမည့် ပထမမျဉ်းကြောင်းSelect second line or shift-select to apply corner: ထောင့်ချိုးမည့် ဒုတိယ မျဉ်းကြောင်း
ထောင့်မှန်စတုဂံတစ်ခုကို ဖန်တီးကြရအောင်။Command : rec ( Enter )Menu Bar : Draw >> RectangleDraw Toolbar :Specify first coner point or [Chamfer/Elevation/Fillet/Thickness/Width]: စတင်ဆွဲလိုသောနေရာကို Click လုပ်ပါ။Specify other coner point or [Dimension] : ဆုံးလိုသော နေရာကို Click လုပ်ပါ။Mouse ကိုထောင့်ဖြတ်ရွေ့ပါ။အထက်ပါနည်းကတော့ သာမာန်ထောင့်မှန် စတုဂံတစ်ခုကို ဆွဲသားတဲ့နည်း ဖြစ်ပါတယ်။Specify first coner point or [Chamfer/Elevation/Fillet/Thickness/Width]: C ( Chamfer )ထောင့်မှန်စတုဂံရဲ့ ထောင့်ချိုးလေးခုလုံးကို တူညီစွာ တိဖြတ်လိုလျှင် အသုံးပြုခြင်း ဖြစ်ပါတယ်။မိမိထောင့်ချိုး ( Chamfer ) လုပ်လိုတဲ့ အလျားအနံကိုလည်း ဖန်တီးနိုင်ပါတယ်။Specify first chamfer distance for rectangles ( 0.00 ) : မိမိလိုအပ်သော ထောင့်ချိုးတန်ဖိုးSpecify second chamfer distance for rectangles ( 0.00 ) : မိမိလိုအပ်သော ထောင့်ချိုးတန်ဖိုးChamfer လုပ်ပြီးပြီ ဆိုရင် တော့ Chamfer Distance တွေကို Zero ပြန်လုပ်ဖို့ လိုအပ်ပါတယ်။ထောင့်မှန်စတုဂံကို အနားသတ်တွေ တူညီစွာ လုံး၍လည်းဆွဲနိုင်ပါတယ်။Specify fillet radius for rectangles <0.00> : မိမိအနားလုံးလိုသော Radius တန်ဖိုးFillet လုပ်ပြီးလျှင်လည်း Filllet Radius ကို Zero ပြန်လုပ်ထားဖို့ လိုအပ်ပါတယ်။Election ဆိုတာကတော့ Z Direction အတိုင်းမြင့်တက်နေသော အမြင့်ကို ဆိုလိုတာပါ။ Thickness ကလည်း Z Directionအတိုင်း အထူထည့်ပေးတာပါ။ 2D View နဲ့ကြည့်ရင် မမြင်ရပဲ 3D မှာသာ အပေါ်မှာ မြင့်တက်နေတာကို မြင်ရမှာဖြစ်လို့ 3Dကြမှ ဆက်လက်လေ့လာကြရအောင်။Width ဆိုတာကတော့ ထောင်မှန်စတုဂံ ဆွဲတဲ့မျဉ်းကို အထူထည့်ပြီး ဆွဲသားတာဖြစ်ပါတယ်။ အောက်ပါပုံမှာ လေ့လာနိုင်ပါတယ်။
Multi Line
ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။မျဉ်ကြောင်းများကို တစ်ပြိုင်နက်ထဲ ဆွဲချင်တဲ့အခါ Multiline Command ကိုသုံးပြီး ဆွဲပါတယ်။ ဥပမာ- အုတ်နံရံ၊ လမ်းပုံတွေကို ဆွဲတဲ့အခါ အသုံးများပါတယ်။Command Line : mlMenu Bar >> Draw >> MultilineSpecify starat point or [ Justification / Scale / STyle ] : မျဉ်းကြောင်းများ စတင်ဆွဲလိုသောနေရာSpecify next point : မျဉ်းကြောင်းများ ရောက်လိုသော နေရာSpecify next point or [ Undo ] : နောက်ထပ် ထပ်မံ ရောက်ရှိလိုသော နေရာ။ ထပ်မံမဆွဲလိုတော့ပါက Enter ခေါက်ပါ။Multiline ဖြင့်ဆွဲသားလိုသော မျဉ်းကြောင်းများအတွက် လိုသလိုပြင်ဆင်နိုင်ပါသည်။ ကဲပြင်ကြည့်ရအောင်နော်....Specify starat point or [ Justification / Scale / STyle ] : j ( Enter )Enter justification type [ Top / Zero / Bottom ] :Top ကိုရွေးမယ် ဆိုရင်တော့ မူလမျဉ်းကြောင်းဟာ အပြိုင်ဆွဲမယ့် မျဉ်းကြောင်းတွေရဲ့ အပေါ်မှာ ရှိနေမှာပါ။
Zero ကိုရွေးမယ်ဆိုရင်တော့ အမှတ်တစ်ခုကို ဗဟိုပြုပြီး မျဉ်းကြောင်းနှစ်ကြောင်းဟာ အပြိုင်ဖြစ်နေမှာ ဖြစ်ပါတယ်။
Bottom ကိုရွေးမယ်ဆိုရင်တော့ မူလမျဉ်းကြောင်းဟာ အပြိုင်ဆွဲမယ့် မျဉ်းကြောင်းတွေရဲ့ အောက်မှာ ရှိမှာပါ။
Scale မှာတော့ မျဉ်းကြောင်းတွေရဲ့ အကျယ်ကို လိုအပ်သလို ပြုပြင်နိုင်ပါတယ်။Style မှာတော့ မျဉ်းကြောင်းတွေရဲ့ ပုံစံကို ရွေးချယ်တာပါ။ များသောအားဖြင့် Standard နဲ့ပဲဆွဲပါတယ်။Multi Line ရဲ့ မျဉ်းကြောင်းဒီဇိုင်းတွေကို ပြုပြင်ဖန်တီးခြင်တယ် ဆိုရင်တော့ MLSTYLE ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ Command Line မှာ mlstyle လို့ အမိန့်ပေးလိုက်ရင် Multi Line Style Dialogue Box လေးပေါ်လာပါမယ်။အဲဒီ့ Box ထဲက Modify ကိုရွေးလိုက်ရင် Modify Multiline Style ဆိုတဲ့ Box လေးပေါ်လာပါလိမ့်မယ်။Line Type Button ကို Click လုပ်လိုက်ရင် Select Line Type ဆိုတဲ့ နောက်ထပ် Box တစ်ခုထပ်ပေါ်လာပါလိမ့်မယ်။
ဒါဆိုရင် Load Button ကိုClick လုပ်ပြီး Load or Reload Linetypes ထဲက မိမိလိုအပ်ရာ အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။Multi Line တွေဟာ တစ်တွဲတစ်ဆက်တည်း ဖြစ်နေတာကြောင့် သူ့ကို ဖြတ်တောက်လို့ မရပါဘူး။ Explode နဲ့ဖောက်ခွဲပြီး သာမာန်လိုင်းအဖြစ် ပြောင်းလဲပြီးမှသာ ဖြတ်တောက်လို့ ရမှာပါ။ Multi Line တွေကို ပြုပြင်ဖန်တီးတဲ့ Command တစ်ခုကတော့ MLEDIT ဆိုတဲ့ Command ပါပဲ။ Command Line မှာ mledit လို့အမိန့်ပေးလိုက်ရင် Multilines Edit Tool Dialogue Box ပေါ်လာမှာပါ။ အဲဒီထဲက မိမိစိတ်ကြိုက်ပုံစံကို ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။
Object Snap Modes
ပုံတစ်ပုံကို ဆွဲတဲ့အခါ ( ဥပမာ- မျဉ်းတစ်ကြောင်း၏ အလယ်မှတ်ကို ဗဟိုပြု၍ စက်ဝိုင်းတစ်ခု ရေးဆွဲခြင်းမျိုး၊ ဒါမှမဟုတ် စက်ဝိုင်းတစ်ခု၏ ဗဟိုမှ စတင်၍ မျဉ်းတစ်ကြောင်းပေါ်သို့ ထောင့်မှန်ကျသော မျဉ်းတစ်ကြောင်း ရေးဆွဲခြင်းမျိုး၊ ) အရာဝထ္တုများ၏ အလယ်မှတ်၊ ဗဟိုမှတ်၊ အစွန်းမှတ်၊ စသည့်အရာများကို တိကျမှန်ကန်စွာ ရွေးချယ်ရန်အတွက် Object Snap Mode ( OSNAP ) ကို အသုံးပြုရပါမယ်။ Snap Toolbar ကို အသုံးပြု၍လည်း Snap ကို အသုံးပြုနိုင်ပါတယ်။
Object Snap လေးတွေကို ဘယ်လိုအသုံးပြုတယ် ဆိုတာကို အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။Object Snap တွေကို လိုတာရွေး၊ မလိုချင်တာဖြုတ် စတာတွေ လုပ်ချင်တယ် ဆိုရင်တော့ Status bar က Snap Button ပေါ်မှာ Right click လုပ်ပြီး Setting ကိုရွေးပါ။ Drafting Setting Dialogue Box ပေါ်လာပါမယ်။ အဲဒီ့က Object Snap မှာလိုအပ်သလို ပြင်နိုင်ပါတယ်။ Object Snap ၏ On / Off ကို F3 အသုံးပြု၍လည်း ပြောင်းလဲနိုင်ပါတယ်။ End Point, Mid Point နှင့် Center တွေက အသုံးများတဲ့ Snap တွေဖြစ်ပါတယ်။


Circle
ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။AutoCAD တွင် စက်ဝိုင်းဆွဲသားနည်း ( ၆ ) မျိုးရှိပါသည်။Menu Bar : Draw >> CircleDraw Toolbar: Draw Toolbar မှ CircleCommand: circle ( or ) Cဒါဆိုရင် Command Prompt မှာ ..........Specify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: လို့ပေါ်လာမှာပါ။ ဒါဆိုရင် စက်ဝိုင်းတစ်ခုကို ဘယ်လိုနည်းလမ်းနဲ့ ဆွဲမယ်ဆိုတာ ရွေးချယ်ရအောင်။( ၁ ) Radius တစ်ခုဖြင့် အမှတ်တစ်ခုကို ဗဟိုပြု ဆွဲသားခြင်း၊Specify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: ဗဟိုပြုမည့်နေရာကို Click လုပ်ပါ။ သို့မဟုတ် ( x,y ) တန်ဖိုးကို ပေးပါ။Specify radius of circle or [ Diameter ] : ဆွဲသားမည့် စက်ဝိုင်း၏ Radiusတန်ဖိုးပေးပါ( ၂ ) Diameter တစ်ခုဖြင့် အမှတ်တစ်ခုကို ဗဟိုပြု ဆွဲသားခြင်း၊Specify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: ဗဟိုပြုမည့်နေရာကို Click လုပ်ပါ။ သို့မဟုတ် ( x,y ) တန်ဖိုးကို ပေးပါ။Specify radius of circle or [ Diameter ] : Radiusနှင့် မဆွဲပဲ Diameter ဖြင့်ဆွဲမည် ဖြစ်သောကြောင့် D ဟုရိုက်ထည့်ပါ။Specify diameter of circle : ဆွဲမည့် စက်ဝိုင်း၏ Diameter တန်ဖိုးကို ပေးပါ။( ၃ ) အမှတ်နှစ်မှတ်ဖြင့် ဆွဲသားခြင်းSpecify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: ဗဟိုမှတ်ဖြင့် မဆွဲပဲ အမှတ်နှစ်မှတ်ဖြင့် ဆွဲသားမည် ဖြစ်သောကြောင့် 2P ကိုရွေးချယ်ပါSpecify first end point of circle's diameter : စက်ဝိုင်းထိလိုသော နေရာကို ရွေးပါ ( Object A at point a )Specify second end point of circle's diameter : စက်ဝိုင်းထိလိုသော နောက်နေရာ ကိုရွေးပါ ( Object B at point b )
( ၄ ) အမှတ်သုံးမှတ်ဖြင့် ဆွဲသားခြင်းSpecify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: ဗဟိုမှတ်ဖြင့် မဆွဲပဲ အမှတ်သုံးမှတ်ဖြင့် ဆွဲသားမည် ဖြစ်သောကြောင့် 3P ကိုရွေးချယ်ပါSpecify first point on circle: စက်ဝိုင်းထိလိုသော နေရာကို ရွေးပါ ( a )Specify second point on circle: စက်ဝိုင်းထိလိုသော နောက်နေရာ ကိုရွေးပါ ( b )Specify third point on circle: စက်ဝိုင်းထိလိုသော နောက်နေရာ ကိုရွေးပါ ( c )( ၅ ) အမှတ်နှစ်မှတ်ကို ထိစပ်၍ Radius တစ်ခုဖြင့် ဆွဲသားခြင်း ( tan-tan-radius )Specify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: ttr ကိုရွေးချယ်ပါ။Specify point on object for first tangent of circle : စက်ဝိုင်းထိစပ်နေမည့် ပထမ အရာဝထ္တုကို ရွေးချယ်ပါ ( Object A )Specify point on object for first tangent of circle : စက်ဝိုင်းထိစပ်နေမည့် ဒုတိယ အရာဝထ္တုကို ရွေးချယ်ပါ ( Object B )Specify radius of circle : စက်ဝိုင်း၏ Radius တန်ဖိုးကို ပေးပါ
( ၆ ) အမှတ်သုံးမှတ်ဖြင့် ဆွဲသားခြင်းMenu Bar >> Draw >> Circle >> tan tan tanSpecify first point on circle -tan to : စက်ဝိုင်းထိစပ်လိုသော ပထမ အရာဝထ္တုSpecify second point on circle -tan to : စက်ဝိုင်းထိစပ်လိုသော ဒုတိယ အရာဝထ္တုSpecify third point on circle -tan to : စက်ဝိုင်းထိစပ်လိုသော တတိယ အရာဝထ္တု

မျဉ်းကြောင်းများကို လေ့ကျင့်ခြင်း
AutoCAD နှင့်ပတ်သတ်သော အခြေခံများကို အတော်အသင့် လေ့လာပြီးပြီမို့ လေ့ကျင့်ခန်းတစ်ခုကို လုပ်ကြည့်ကြရအောင်။ဒီပုံဟာ Line တွေနဲ့သာ ဖွဲ့စည်းထားသော Guide Plate ပုံပါ။ Command ကိုတော့ ကြိုက်ရာနည်းနှင့် ပေးနိုင်ပါတယ်။Command : LineSpecify first point : အမှတ် A နေရာကို Click လုပ်ပါ။ သို့မဟုတ် မူလအမှတ် ( 0,0 ) ဟုသတ်မှတ်နိုင်ပါတယ်။Specify next point: @6,0Specify next point: @0,1Specify next point: @-1.5,0Specify next point: @0,1.5Specify next point: @1.5,0Specify next point: @0,1Specify next point: @-2.5,0 ( Enter )Command : LineSpecify first point : အမှတ် A နေရာကို Click လုပ်ပါ။Specify next point:@0,3.5Specify next point:@1.5,0Specify next point:@0,-1.75 ( Enter )
C အမှတ်နှင့် B အမှတ်ကို Line Command ဖြင့်ဆက်လိုက်ပါ။
နောက်ဆက်တွဲ လေ့ကျင်ခန်းAutoCAD ပုံတစ်ပုံကို စတင်မဆွဲခင် ဆွဲမဲ့ပုံရဲ့ အကန့်အသန့် ( Limit )ကို သတ်မှတ်ပြီး ယူနစ်ကို ရွေးချယ်ရအောင်။ ယူနစ်ရွေးချယ်မယ် ဆိုရင်တော့.....Menu Bar : Format >> UnitCommand : units (သို့မဟုတ်) unဒါဆိုရင် Drawing Unit Dialogue Box ပေါ်လာမှာပါ။ထို Box ထဲတွင် Length Type, Angle Type နှင့် Insertion Scale များကို မိမိနှစ်သက်သလို ပြောင်းလဲနိုင်ပါသည်။ပုံတစ်ပုံကို Limits သတ်မှတ်ခြင်း ဆိုတာဟာ ပုံကို အနားသတ် ( Boundaries ) သတ်မှတ်ခြင်းပင် ဖြစ်ပါသည်။ ပုံတစ်ပုံကို အနားသတ် သတ်မှတ်ရာ၌ ပုံ၏ အလျားအနံထက် အနားသတ်၏ အလျားအနံကို ပို၍ သတ်မှတ်လေ့ ရှိပါသည်။ ဥပမာ- ပုံ၏အလျားသည် ၁၀ ဖြစ်လျှင် အနားသတ်၏ အလျားကို ၁၂ အဖြစ်ထားပြီး၊ ပုံ၏အနံသည် ၈ ဖြစ်နေပါက အနားသတ်အနံကို ၁၀ အဖြစ်ထားလေ့ရှိကြပါသည်။ပုံမဆွဲခင် Drawing Boundaries တစ်ခု သတ်မှတ်မည် ဆိုပါက ..Menu Bar : Format >> Drawing LimitsCommand : limitsLower left coner : မိမိသတ်မှတ်မည့် Boundaries ၏ ဘယ်ဘက်အောက်အမှတ်Upper right coner: မိမိသတ်မှတ်မည့် Boundaries ၏ ညာဘက်အပေါ်အမှတ်

AutoCAD ကိုဆွဲတဲ့အခါအရေးကြီးတဲ့ CoordinateSystem ကိုမျဉ်းကြောင်းဆွဲရင်းဖြင့် လေ့လာကြပါစို့။ မျဉ်းကြောင်း တစ်ခုဆွဲဖို့ အမိန့်ပေးကြရအောင်။Draw Toolbar က ဒီပုံလေးကို ရွေးချယ်၍ဖြစ်စေMenu Bar ၏ Draw မှတဆင့် Line ကိုရွေးချယ်၍ဖြစ်စေCommand Line မှ line ( သို့မဟုတ် ) L ဟုရိုက်၍ဖြစ်စေ အမိန့်ပေးလိုက်ပါက Command Area ထဲမှာ...Specify first point : မျဉ်းစတင် ဆွဲသားလိုသော နေရာ ( x , y )Specify next point : မျဉ်းအဆုံးသတ်လိုသော နေရာ ( x , y )တလက်စထဲ မျဉ်းကြောင်း တစ်ကြောင်း ဆွဲသားခြင်းဖြင့် Coordinate System တွေကိုပါ လေ့လာကြရအောင်။ (-2,1) ကနေစပြီး ( 3,4) မှာဆုံးတဲ့ မျဉ်းတစ်ကြောင်း ဆွဲကြည့်ကြရအောင်။
Command Line : Line
Specify first point : -2,1
Specify next point: 3,4
ဒါဆိုရင် ပုံထဲကလို မျဉ်းကြောင်းတစ်ကြောင်း ဖြစ်လာမှာပါ။ ဒီမျဉ်းကြောင်းကို ဆွဲတဲ့အခါ အတိုင်းအတာတွေ အားလုံးကို ( 0,0 ) အမှတ်မှသာ တိုင်းတာ၍ ဆွဲသားထားပါတယ်။ ထိုကဲ့သို့ မူလ Original အမှတ်မှ တိုင်းတာခြင်းကို Absolute Coordinate System ဟုခေါ်ပါသည်။ သို့သော် ပုံများအားလုံးကို မူလအမှတ်မှသာ အမြဲတမ်း တိုင်းတာရန်မှာ မလွယ်ကူလှပါ။ ထို့ကြောင့် လက်ရှိ ရောက်ရှိနေသော နေရာမှ တိုင်းတာခြင်းမှာ ပို၍အဆင်ပြေစေပါသည်။
Command Area : LineSpecify first point: -2,1Specify next point: @5,0Specify next point: @0,3Specify next point: c@ ဟူသော သင်္ကေတသည် ဤနေရာမှနေ၍ဟု အဓိပါယ် သက်ရောက်ပါသည်။ ထိုသို့ နောက်ထပ် နေရာတစ်ခုသို့ ရောက်ရှိရန် လက်ရှိနေရာကို ဗဟိုပြု တိုင်းတာခြင်းကို Relative Coordinate System ဟုခေါ်ပါသည်။ နောက်တစ်ခု ကတော့ နောက်ထပ်နေရာ တစ်ခုကို Angle ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ နာရီလက်တံ၏ ဆန့်ကျင်ဘက် Counter Clockwise Direction အတိုင်းလည်ပတ်ပါတယ်။ဒါကိုတော့ Polor Coordinate System လို့ခေါ်ပါတယ်။ တစ်ခြား Coordinate system တွေမှာ အကွာဝေးကို ( x,y ) လို့ရေးပေမယ့် Polor ကိုတော့ (Distance <>
(တဆင့်ကူးယူဖော်ပြပါသည်)

0 comments:

Post a Comment

လို အပ် တာ လေး များ ကို ခွင့် လွှတ် ပါ လို့ တောင်း ပန် ရင်း